Pamasahe (2022)အလွန်နွမ်းပါးပုံရတဲ့မိန်းမငယ်လေးတစ်ယောက်ဟာ
ရင်ခွင်ပိုက်ကလေးငယ်လေးကိုတင်းတင်းပွေ့ချီရင်းမကြာခင်ထွက်ခွာတော့မယ့်
ခရီးသည်တင်သင်္ဘောကြီးဆီကို တစ်စတစ်စချဉ်းကပ်လာပြီးလူတွေလစ်ပြီအထင်မှာ
သင်္ဘောကြီးပေါ်ခိုးတက်ဝင်ရောက်သွားခဲ့ပေမယ့်လဲလက်မှတ်စစ်တဲ့အချိန်မှာ
သဘောၤလုံခြုံရေးသုံးဦးရဲ့ဖမ်းဆီးမှုကိုခံလိုက်ရပါတယ်။
အကျင့်ပျက်သင်္ဘောအမှုထမ်းသုံးဦးဟာ သူ့ကိုလက်မှတ်စစ်တယ်၊
မေးခွန်းတွေမေးတယ် ခြိမ်းခြောက်တယ်။ သူတို့လက်ခုပ်ထဲကရေဆိုတာ
သိသွားတဲ့နောက်မှာတော့ တစ်ယောက်တစ်လှည့်စီဝိုင်းပြီး
အခွင့်အရေးယူရုံတင်မကပဲသင်္ဘောကပ္ပတိန်ဆီကိုပါ ဆက်သလိုက်ပါသေးတယ်။
ဒါပေမယ့် သဘောၤကြီးပေါ်ကငရဲခန်းဟာ ဒီမိန်းကလေးအတွက်
အခုမှ အစမဟုတ်သလို သင်္ဘောကြီးဆီက ဆင်းလာပေမယ့်လဲ သူ့ခရီးကမဆုံးသေးပါဘူး။
ခရီးစဉ်ရှေ့ဆက်ဖို့အတွက် ဘတ်စ်ကားတစ်စီးရဲ့နောက်ဆုံးခုံပေါ်မှာ
ကလေးနို့တိုက်နေတဲ့သူ့ကို နောက်ထပ်လူရှုပ်လူပွေနှစ်ယောက်ကလာနှောင့်ယှက်ပြန်ပါတယ်။