ေချယ်ဟာ ဘာဂီယိုမှာမွေးဖွားကြီးပြင်းခဲ့တဲ့ ကရာတေးမှာလည်း ခါးပတ်နက်ရထားပြီး
မတရားတာတွေ့ရင်လက်ပိုက်ကြည့်မနေတတ်တဲ့ ဆတ်ဆတ်ကြဲကောင်မရှေးဟောင်းသုသေသနပညာရှင်ဖြစ်သလိုလေးတစ်ယောက်ပါ။
မကြာခင်မှာ နိုင်ငံခြားကို ကျောင်းသွားတက်ဖိုရှိပေမဲ့ မသွားခင်တစ်ညမှာ သူ့သူငယ်ချင်းတွေ အဆွယ်ကောင်းမှုကြောင့်
ကလပ်ရောက်သွားခဲ့ပြီး မနီလာအလည်လာတယ်ဆိုသူ သူစိမ်းယောက်ျားသုံးယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။
ထုံးစံအတိုင်း ကလပ်မှာတင်မပြီးပဲ အဲ့ဒီလူတွေရဲ့ဖိတ်ခေါ်မှုကိုလက်ခံပြီးတော့ သူတိုမိတ်ဆွေ ဒေသခံဆိုတဲ့
သူရဲ့လူသူမဝေးတဲ့အရပ်က အိမ်အကြီးကြီးတစ်လုံးကိုပါ ရောက်သွားခဲ့ပြီးတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့
ဖြစ်ရပ်ဆိုးတွေကိုကြုံဆုံဖိုဖြစ်လာပါတော့တယ်။ကရာတေးခါးပတ်နက် ရေချယ်တစ်ယောက် ဒီယောက်ျားတွေကို
အနိုင်ကြဲနိုင်မှာလား…ဒီလူတွေရဲ့အကြံအစည်ကဘာတွေရှိနေမလဲ…သူ့အချစ်ဆုံး သူငယ်ချင်းတွေကိုရော အချိန်မှီကယ်တင်နိုင်ပါ့မလား